ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် မူဝါဒသဘောထားများ
၁ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ကြီး တစ်ရပ်အဖြစ်တည်ဆောက်ရာတွင် စစ်မှန်သောဒီမိုကရေစီစနစ်ကို
လိုက်နာကျင့်သုံးမှသာ အောင်မြင်မည်ဟု ယုံကြည်ပါသည် ။
ယင်းကဲ့သို့ ဒီမိုကရေစီစနစ်ကျင့်သုံးသော
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး အဖြစ်တည်ဆောက်ရာတွင် လားဟူအမျိုးသားများနေထိုင်ရာ
ဒေသအတွင်း မှီတင်းနေထိုင်လျှက်ရှိသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှုအင်းအားကို
ရယူရေးအတွက် စည်းရုံးလှုံ့ဆော်နိုင်ရန် “လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ” ဖွဲ့စည်းရခြင်း
ဖြစ်ပါသည် ။
၎င်း“ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
”၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် မူဝါဒသဘောထားများကို
၁၉၈၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၈) ရက် ၊လားရှိုးမြို့ ၊ ပါတီ ပထမအကြိမ် ညီလာခံတွင် မူကြမ်းရေးဆွဲခဲ့ပြီး
၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ (၇) ရက် တန့်ယန်းမြို့ ၊ ပါတီဒုတိယ ညီလညခံတွင် အတည်ပြုပါသည်
။
အခန်း (၁)
၂ ။ အမည်
ဤပါတီကို
မြန်မာဘာသာဖြင့် - လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
လားဟူဘာသာဖြင့် - လားဟူချောကျူအူလားမူလားတူပါတီ
အင်္ဂလိပ်ဘာသာဖြင့် - LAHU NATIONAL DEVELOPMENT PARTY
၃ ။ အလံ
(က) ပါဝင်သောအစိတ်အပိုင်း
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အလံသည် အလျား
(၅) ပေ ၊ အနံ (၂.၅) ပေ အရွယ်ရှိ နမူနာဖြင့်ပြထားရာ၌ အလံတစ်ခုလုံး၏ အရှေ့ဘက်တွင် အဖြူရောင်သုံးနားညီတြိဂံကို
ထောင်ထားပါသည် ။ အနီရောင်နှင့် မိုးပြာရောင်တို့သည် အလံ၏အလျားလိုက် ထက်ဝက်စီဖြင့် အရောင်ခြယ်ထားးသည်
။ ထောင်ထားသောသုံးနားညီ တြိဂံ၏ အဖြူရောင်နောက်ခံ၌
လားဟူရိုးရာထုံးထမ်းမှုစဉ်လာ အစဉ် အဆက်အသုံးပြုသော ဘူးခါးပလွေနှစ်ခုကို ကြက်ခြေခတ်ပုံစံဖြင့်
ထောင်ထား၍ ကြက်ခြေခတ် ဆုံသည့်နေရာတွင် စပါးနှံတစ်နှံကို ထောင်ထားပြီး စပါးနှံ၏ထိပ်တွင်
ကြယ်နီတစ်ပွင့် ပါရှိသည် ။
(ခ)အဓိပ္မါယ်ဖော်ပြချက်
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏
အလံတွင်ပါသော အရောင်များ ၊ တြိဂံ ၊ ဘူးခါးပလွေ ၊ စပါးနှံနှင့် ကြယ်နီတစ်ပွင့်တို့၏
အဓိပ္မါယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည် -
-
အဖြူရောင်သည်
ဖြူစင်သန့်ရှင်းခြင်း ၊ ရိုးသားဖြောက်မတ်မတ်ခြင်း ၊ ကတိသစ္စာရှိခြင်း ၊
-
အနီရောင်သည်
ရဲစွမ်းသတ္တိရှိခြင်း ၊ နိုးကြားတက်ကြွခြင်း ၊ ရဲရင့်တည်ကြည်ခြင်း ၊
-
မိုးပြာရောင်သည်
ကြည်လင်အေးမြခြင်း ၊ ငြိမ်သက်ခြင်း ၊ ငြိမ်းချမ်းခြင်း ၊ စည်းလုံးညီညွတ်ခြင်းတို့ကို
ဖော်ညွန်းသည် ။
-
တြိဂံသည်
လားဟူအမျိုးသားများ၏ ဘုရားတရားကို သက်ဝင်ယုံကြည်ကိုင်းရှိုင်းခြင်း ၊ မျိုးချစ်စိတ်ရှိခြင်း
နှင့် အမိနိုင်ငံကို ချစ်မြတ်နိုးခြင်းတို့ကို ဆိုလိုပါသည် ။
-
ဘူးခါးပလွေသည်
လားဟူအမျိုးသားများ၏ အမှတ်တံဆိပ် ဖြစ်ပါသည် ။ ခေတ်အဆက်ဆက်မှ လားဟူအမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု
၊ စည်းလုံးညီညွတ်မှု အသွင်ဆောင်လျက် အထွဋ်အမြတ်ထားခြင်း ၊ ကတိသစ္စာ ရှိခြင်း /ပြုခြင်း
၊ မည်သည့်နေ့ထူးနေ့မြတ် ပွဲလမ်းသဘင်တွင်မဆို ဘူးခါးပလွေကို တီးမှုတ်လျှက် တစ်စည်းတစ်လုံးတည်းဖြင့်
ဂုဏ်ပြုကခုန်ပြီး စည်းလုံးညီညွတ်မှုကို ခံယူကြသည် ။
-
စပါးနှံသည်
လားဟူအမျိုးသားတို့၏ ခေတ်အဆက်အသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို ဦးထိပ်ထားလျက်
ဖွံ့ဖြိုးတိုးတက်ရေး အသွင်ကို ဆောင်ပါသည် ။
-
ကြယ်နီတစ်ပွင့်သည်
လားဟူတစ်မျိုးသားလုံးအား ကိုယ်စားပြုသော ကြယ်နီတစ်ပွင့်ဖြစ်ပါသည် ။
၎ ။ အထိမ်းအမှတ်
ပါတီ၏
အထိမ်းအမှတ်(Logo)သည် အဖြူရောင်နောက်ခံထားပြီး ထောင်ထားသည့်သုံးနားညီ တြိဂံတစ်ခုတွင်
ဘူးခါးပလွေနှစ်ခုကို အရိုးတံ၌ကြက်ခြေခတ်လျှက် ထောင်ထားသည် ။ အရိုးတံကြက်ခေခတ်ဆုံသည့်နေရာမှ
အထက်သို့ ထောင်ထားသော မှည့်ဝင်နေသည့် စပါးနှံထိပ်တွင် ကြယ်နီတစ်ပွင့် ပါရှိသည် ။
၅ ။ စည်းတံဆိပ်
အ၀ိုင်းပုံစံဖြစ်ပြီး
ထိပ်ဆုံး၌ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟူ၍ မြန်မာဘာသာဖြင့် ရေးသားထားပြီး
အောက်ပိုင်း၌လားဟူဘာသာဖြင့် ရေးသားထားသည် ။ မြန်မာဘာသာနှင့် လားဟူဘာသာ စပ်ကြား တစ်ဘက်တစ်ချက်တွင်
ကြယ်နီတစ်ပွင့်စီ ပါဝင်သည် ။ တံဆပ်၏အလယ်ဗဟိုတွင် လားဟူရိုးရာ အထွဋ်အမြတ်ဖြစ်သော ဘူးခါးပလွေနှစ်ခုကို
ကြက်ခြေခတ်ထားပြီး ကြက်ခြေခတ်ဆုံသည့် နေရာတွင် စပါးနှံတစ်နှံကို ထောင်ထား၍ ထိပ်တွင်
ကြယ်တစ်ပွင့်ပါရှိသည် ။ ကြက်ခြေခတ်ပုံစံဖြင့် ထောင်ထားသော ဘူးခါးပလွေနှစ်ခုအောက်၌ အင်္ဂလိပ်ဘာသာဖြင့်
Lahu National Development Party ၏ အတိုကောက်ဖြစ်သော LNDP စာလုံးကို ရေးသားထားသည် ။
ဆက်လက်ဖော်ပြပါမည်
။


